Feature news

Showing posts with label Virus များအကြောင်း. Show all posts

ဗိုင်းရပ်စ်များနှင့်ကခုန်ခြင်း PDF

Virus များအကြောင်းနှင့် Virus တွေ ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ်လိုဝင်လာတယ်.. ဘာတွေကို ဒုက္ခပေးတယ်.. ဘယ်လိုဖျက်ဆီးတယ်.. ဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်.စတဲ့ Virus နဲ့ပတ်သက်တဲ့ အကြောင်းတွေကို စုံစုံလင်လင်ရေးထားပါတယ်.. ကွန်ပျူတာကို သုံးနေပြီဆိုရင် Virus နဲ့ အမြဲ ဒေါသထွက်နေရတာပါပဲ.. ဒီစာအုပ်လေးက Computer User တွေကို တစ်နည်းနည်း အကျိုးပြုစေပါလိမ့်မယ်...

ဒီမှာဒေါင်းပါနော်
Learn more »

Virus တွေကိုမြင်အောင်ကြည့်မယ်....

http://blogs.globeuniversity.edu/wp-content/uploads/2012/05/computervirus.jpg

ကျွန်တော်တို့    မြင်နေရတာ  Virus ရဲ့ လုပ်ဆောင်မှုတွေ ပါတကယ့် Virus Program ကို မြင်ရတာမဟုတ်ပါဘူး  Virus ကို မြင်အောင်ကြည့်တတ်ရင်          Anti – Virus Software  တောင် မလိုပဲ  Virus ကို Delete လုပ်နိုင်ပါတယ် ဒါပေမယ့် စိတ်ချရအောင် Anti – Virus Program တစ်ခုတော့တင်ထားရပါမယ် အရင်ဆုံး လုပ်ရမှာက ….***Autorun *** ပိတ်ထားဖို့ပါ .. အလွန်အရေးကြီးပါတယ်
1.Autorun ပိတ်နည်းကို  ဒီနေရာ ကနေ ၀င်ဖတ်ပါ။
2.Autorun ပိတ်ပြီးရင်  Start ကနေ all Program ကနေ My Computer ကို ဖွင့်ပါ
3.အပေါ်ဘားတန်း Tools အောက်က Folder Options ကို နှိပ်ပါ...။
4.View ကိုနိုပ်ပြီး  Show Hidden files and folder ကို Click ခြင်းဖြင့်  Hidden  file တွေကို   မြင်ရအောင်လုပ်ပါ
5.ပြီးရင် Hide Protected operation system file ရှေ့ က အမှန်လေးကို ဖြုတ်ပါ Virus က system file အမျိုးအစားဖြစ်လို့ ပါ။
6. ပြီးရင် Hide extensions for known file types ကို အမှန်ဖြုတ်ပါ။
7. ပြီးရင် Use Simple File sharing ကို အမှန်ဖြုတ်ပါ။
8.ပြီးရင် OK ကို နှိပ်ပါ...။
9.ပြီးရင် သင့်ရဲ့ Stick , Mp3 , Mp4 ,Camera တစ်ခုခု ထိုးလိုက် ပါသင့် Stick မှာ Virus ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဒီနည်းအတိုင်းပဲ လုပ်ပါ …။

*****Stick ကို Double Click နဲ့ လုံးဝ မဖွင့်လိုက်ပါနဲ့ …*****

ပုံမှာပြထားသလို အပေါ်ဘားတန်းက Folder ဆိုတာလေးကို Click ပါ
10. ပုံမှာပြထားသလို ဘေးဘက်က နေ သင့်ရဲ့  Removable Disk ကိုရွေးလိုက်ပါ..။  ဒါဆိုညာဘက်မှာ Removal Disk ထဲက File တွေ ကို မြင်ရပါပြီ …မှိန်နေတဲ့ File တွေ ၊ Folder တွေ မရှိဘူး ဆိုရင် သင့်ရဲ့ Stick မှာ Virus မရှိပါဘူး ..Virus မရှိခဲ့ ရင်…
My Computer ► Tools ► Folder Options မှာ View ကို Click ပြီး  Restore Defaults ဆိုတဲ့ Button လေးကို click ပါ
Hidden file နဲ့ system file တွေကို ပြန်ဖျောက်လိုက်တာပါ ဒီလို မဖျောက်ခဲ့ ရင် Hard disk C: ထဲက မှိန်နေတဲ့ System File တွေ မှားဖျက်မိရင် Window ပြန်မတက်နိုင်တော့ပါဘူး…
ကဲတကယ်လို့  မှိန်နေတဲ့ File တွေ  Stick ထဲ မှာ ရှိတယ်ဆိုရင်တော့ .. အဲဒီ Stick ထဲက
****ဘယ်ဖိုင်တွေ ၊ဖိုဒါတွေ ကို မှ သွားမဖွင့်ပါနဲ့ *****
မှိန်နေတဲ့ File တွေ ဟာ Virus ပါပဲ Stick ထဲ က မှိန်နေတဲ့  File နော် သင့်Computer ထဲ က မှိန်နေတဲ့  File တွေကို ပြောတာမဟုတ်ပါဘူး...။

***Folder မဟုတ်ဘူးနော်..File ပါ..***
 
exe , .vbs , ….reg , ….com အစရှိသဖြင်. ဆုံးနေတတ်ပါတယ် အဲဒီလို မှိန်နေတဲ့ File တွေ ၊Folder တွေ ရှိပြီ ဆိုရင် Autorun.inf ဆိုတဲ့ File လေးရှိနေပါလိမ့်မယ် ..။အဲဒါဆိုရင်တော့ ကြိမ်းသေ Stick ထဲမှာ Virus ရှိနေပါပြီ…မှိန်နေတဲ့ Folder တွေ ရှိနေမယ် ဆိုရင်တော့ အဲဒီ Folder ဟာ စာဖတ်သူရဲ့  data တွေ ပါနေတဲ့..။ 
****Folder အစစ်တွေ ပါ ..သွားမဖျက်ပါနဲ့  …****
 
မှိန်နေတဲ့  Folder   တွေရှိပြီ ဆိုရင် တော့ အဲဒီ Folder နာမည် နဲ့ တူ တဲ့ Virus Folder ရှိနေပါလိမ့်မယ်   Virus Folder ဟာ .exe နဲ့ ဆုံးနေပါလိမ့်မယ်  Folder အစစ်ဟာ နောက်မှ ဘာ extension မှ မရှိရပါဘူး ….ဥပမာ
သင့် Folder အစစ် ► Picture 2 ( Virus က မမြင်ရအောင်လုပ်ထားသဖြင့် မှိန်နေပါလိမ့် မယ် )  Virus Folder ► Picture2.exe ( ထင်ထင်ရှားရှားမြင်နေရပါလိမ့်မယ်
ဒါမှသာ သင့် Folder အမှတ်နဲ့  Virus ကို Click မိမှာလေ.. Click မိတာနဲ့ Virus ၀င်သွားပါလိမ့်မယ့် )
Virus Folder ကို ရွေးပြီး ဖျက်နိုင်ပါပြီ ….ဖျက်တဲ့ အခါမှာ သတိထားပြီး ဖျက်ပါ ..Double click လုံးဝမနိုပ်မိပါစေနဲ့ ..ဖျက်ချင်တဲ့ File ကို Left Click တချက်ထဲသာနိုပ် Select ပေးပြီး Shift + Delete တွဲ နိုပ်ခြင်းဖြင့် ဖျက်နိုင်ပါတယ် ….(သို့ မဟုတ်) ဖျက်ချင်တဲ့ File ပေါ် Right Click နိုပ်ပြီး Delete ကို ရွေးပြီးလဲ ဖျက်နိုင်ပါတယ် …အမှိုက်ပုံးထဲကိုပါ Clean လုပ်ပေးရမှာပါ ...။
…စာဖတ်သူရဲ့  Stick ထဲက File တွေ ကို ကိုယ် အသိဆုံးပါ ကိုယ့် File လဲ မဟုတ်ဘူး မှိန်လဲမှိန်နေတယ် ဆိုရင်တော့ အကုန်သာ ဖျက်ပစ် …မှိန်နေတဲ့     Folder       တွေ ရှိမယ်ဆိုရင်တော့  Folder ထဲကို Double Click နဲ့ ဝင်ပြီး အထဲက File တွေ ကို Copy ကူးယူပြီး စက်ထဲမှာ ပြန်သိမ်းထားလိုက်ပေါ့ ဒါက နောက်ဆုံးမှလုပ်ပါဖျက်သင့်တဲ့ Virus တွေ အရင်သတ်ပါ  Folder က ထင်ရှားနေတယ် နောက်မှာ .exe နဲ့ ဆုံးတယ်ဆိုရင်တော့
သွားမနိုပ်ပါနဲ့ Virus စစ်စစ်ကြီးပါ …မသနားနဲ့ …ဖျက်သာပစ်ဗျာ …..ဥပမာ (MyFolder.exe)
ကဲ အားလုံးပြီး                 သွားရင်တော့ System File                  တွေ ကို ပြန်ပြီးမမြင် ရအောင်ဖျောက်  ပစ်ရပါတော့မယ်မဟုတ်ရင် C: ထဲမှာ ရှိနေတဲ့ မှိန်နေတဲ့ file တစ်ခုခုကို မှားဖျက်မိရင်တော့တင်ပေတော့ Windows ပဲ …My Computer ► Tools ► Folder Options မှာ View ကို   Click     ပြီး Restore Defaults ဆိုတဲ့  Button လေးကို click ပါ   Hidden file နဲ့ှsystem file တွေကို
ပြန်ဖျောက်လိုက်တာပါ
ပြီးရင်တော့ Virus ကင်းရှင်းစွာနဲ့ စိတ်ကြိုက်သုံနိုင်ပါပြီ..

Avira Av-ti Virus Program                   လေးကို တော့ တင်ထားသင့်ပါ      တယ်သူ သတ်လို့    ကျန်ခဲ့ တဲ့ File တွေကို မှ ကိုယ်တိုင် ဖျက်ပစ်ပေါ့  ..
တစ်ခုတော့ ရှိတယ် ဒီနည်းတွေ ဟာ သင့် Computer မှာ Virus ကင်းစင်မှ သုံးလို့ ရမှာပါ ….
Virus ၀င်နေလို့ ကတော့  Folder Options တောင်တွေ့ ရမှာ မဟုတ်ဘူး …
ဒီနည်းကို ကျွမ်းကျင်လာရင် Anti Virus software တောင် မလိုပဲ Virus သတ်နိုင်ကြောင်းပါ ..Virus File တွေဟာ Right ►Properties ကိုနိုပ်ကြည့်ရင် Hidden နေရာမှာ အလုပ် လုပ်လို့ မရအောင်မှိန်နေတတ်ပါတယ် …..

Learn more »

Virus မ၀င်အောင်ကာကွယ်ကြမယ်...

(၁) Security Patch များကို Install လုပ်ပါ။

သင့်ရဲ့ Operating System အတွက် available ဖြစ်နေတဲ့ security patch အားလုံးကို ရယူဖို့နဲ့ install လုပ်ထားဖို့လိုပါတယ်... အကယ်၍ Windows 98 နဲ့ နောက်ပိုင်း Windows တွေမှာ MSIE နဲ့ Windows Update တွေအတွက် လိုအပ်တဲ့ Patch တွေကို Provide ပေးပေမယ့် Windows 95 နဲ့ အလားတူ system တွေအတွက် ကတော့ WindizUpdate ကို အသုံးပြုသင့်ပါတယ်...
အရေးအကြီးဆုံးကတော့ အပတ်စဉ် updates တွေကို စစ်ဆေးပေးဖို့နဲ့ သင့်ရဲ့ Operation System အတွက်တွေ့ရှိထားတဲ့ အားနည်းချက်များနဲ့ ပတ်သတ်တဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကို ရရှိဖို့ မျက်စိဖွင့် နားစွင့် ထားရမှာ ဖြစ်ပါတယ် ။

(၂) Antivirus Software နဲ့ Adware Removal Tools တွေအပေါ်မှာပဲ အားကိုး အားထားမပြုပါနဲ့

Virus တွေကို ကာကွယ်ဖို့အတွက် Antivirus Software တွေ Tools တွေကို သုံးတာဟာ ကောင်းတဲ့ သင့် Computer ကိုကာကွယ်ဖို့အတွက် ကောင်းသော အလေ့အကျင့်တခုပါ... ဒါပေမယ့် အဲဒီ Software တွေ Tools တွေအပေါ်မှာပဲ အားကိုးမနေသင့်ပါဘူး... Training နဲ့ Virus Awareness ရှိနေဖို့က ပိုအရေးကြီးတာဖြစ်ပါတယ်...

သိကြတဲ့အတိုင်းပဲ လူအများစုက ကိုယ့် Computer မှာ Antivirus Software ကို run ထားတယ်ဆိုရင် Antivirus က ကာကွယ်ပေးလိမ့်မယ် ဆိုပြီး သတိမမူတော့ပဲ စိတ်ချလက်ချနေတတ်ကြပါတယ်... အဲဒါဟာ မှားတယ်ဆိုတာကို အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သိပါလိမ့်မယ်....

အကယ်၍ သင့် Antivirus ရဲ့ Virus definition တွေဟာ ရက်သတ္တပတ် ၂ ပတ်ကျော်သွားပြီး ဆိုရင် သင့်ရဲ့ Virus Scanner ဟာ အသုံးမ၀င်တော့ပါဘူး... ဘာကြောင့်လဲဆိုတော့ အသစ်ထွက်တဲ့ Virus တွေကို detected မဖြစ်ပဲ ၀င်ခွင့်ပြုနေသေးလို့ဖြစ်ပါတယ်...သင့်ရဲ့ ဖိုင်တွေကို remove လုပ်ဖို့၊ exit လုပ်ဖို့နဲ့ emails အမြောက်အမြားပို့ဖို့ အတွက် အလားအလာတွေ ရှိနေပါသေးတယ်... free antivirus program တွေမှာဆိုရင် အများအားဖြင့် တစ်လ တခါပဲ update ပေးပါတယ်... အဲလိုမျိုး software တွေကို ဘယ်တော့မှ မသုံးမပြုသင့်ပါဘူ:..

နောက်တစ်ခုက အသစ်ထွက်လာတဲ့ Virus တွေပြန့်နှံ့နေတဲ့ အချိန်နဲ့ အဲဒီ Virus တွေရဲ့ Virus definition တွေကို update ပေးတဲ့ အချိန် ( ဆိုလိုတာကတော့ update ကို သင်ရရှိတဲ့အချိန် ) ဟာ အမြဲလိုလိုပဲ နာရီပေါင်းများစွာ ကွာခြားနေတတ်ပါတယ်... အကယ်၍ သင့်ရဲ့ ISP ( Internet Service Provider ) က email တွေကို filter လုပ်ပေးတယ်ဆိုရင်တောင် Virus အသစ်တွေကိုတော့ သင်ရရှိနေအုံးမှာပဲ ဖြစ်ပါတယ်..

Virus တွေဟာ တစ်ခါတရံမှာ သင့်ရဲ့ Antivirus Software ကို disable လုပ်နိုင်ကြပါတယ်... Popular ဖြစ်နေတဲ့ Antivirus Program တွေကို သုံးမယ်ဆိုရင် Virus တွေက အဲဒီ Program ကို သိပြီး terminate လုပ်ပါလိမ့်မယ်...သင့်ရဲ့ ISP က Virus protection လုပ်ပေးနေသည့်တိုင်အောင် Virus အကုန်လုံးကိုတော့ ရပ်သွားအောင် မလုပ်နိုင်ပါဘူး။

အရေးကြီးတာကတော့ Email Attachment တွေ မဖွင့်ခင် (သို့) Website ( or porn site) တစ်ခုကနေ Software တွေကို download မလုပ်ခင်မှာ သင့် browser ရဲ့ disk cache ကိုဖယ်ရှားပေးဖို့လိုပါတယ်... ဘာကြောင့်လဲဆိုတော့ Website တွေ့ရဲ့ Viruses scan အများစုဟာ Email address ရဖို့အတွက် သင့်ဆီကို ရောက်လာတတ်ပါတယ်...

(၃) Internet Explorer , Mocrosoft Word ( သို့ ) Outlook Express တွေကို မသုံးပါနဲ့

လူသုံးအရမ်းများတဲ့ web browser တွေ၊ လူသုံးများတဲ့ word processor ( သို့ ) Windows Address Book တွေကို အသုံးမပြုသင့်ပါဘူး.. ဘာကြောင့်လဲဆိုတော့ Netsky virus ကို ဥပမာ တစ်ခုအနေနဲ့ ကြည့် ကြည့်ပါ။ ၄င်း Virus က သင့်ရဲ့ Computer ကို Email address တွေ ရဖို့အတွက် scan တွေဖတ်ပါတယ်...ဖိုင် အကုန်လုံးကို scan ဖတ်တာတော့မဟုတ်ပါဘူး.. အောက်ပါ ဖိုင် types တွေကို scan ဖတ်ပါတယ်...

.OFT ----- Outlook item template
.DOC ----- Microsoft Word Document
.EMl ----- Outlook Express email message
.WAB ----- Windows Adress Book
.DBX ----- Outlook Express email folder
.RTF ----- Rich Text formet
.TXT ----- Plain Text

ဒါကြောင့် အဲဒီ documents တွေထဲမှာ ပါဝင်တဲ့ email address တွေကို ရယူပြီး Virus ကနေ mail တွေပို့ပါတယ်... ကောင်းတာကတော့ တခြား email program တွေနဲ့ အခြားအခြားသော word processor တွေကို အသုံးပြုသင့်ပါတယ်... Microsoft Word ကပဲ word processor အဖြစ် Available ဖြစ်တာ မဟုတ်ပါဘူး MS ထက် ကောင်းတာတွေအများကြီး ရှိပါတယ်... ဥပမာ OpenOffice ကိုလည်း MS အစားသုံးလို့ရပါတယ်... ၄င်းက viruses scan တွေမဖတ်နိုင်အောင် ဖန်တီးထားပါတယ်...

နောက်တစ်ခုကတော့ Microsoft ရဲ့ Internet Explorer ( IE ) browser ကိုလည်း အသုံးမပြုသင့်ပါဘူး.. ဘာလို့လဲဆိုတော့ IE browser ဟာ မလိုအပ်တဲ့ features တွေကို user မသိပဲ (သို့) သဘောမတူပဲ အလွယ်တကူ ထည့်ပေးနိုင်လို့ဖြစ်ပါတယ်.. ( ဥပမာ - search bar - Search bar တွေကို ဘာကြောင့် ကန့်သတ်သင့်လဲဆိုတော့ အဲဒီ software (search bar) က သင့် Computer မှာ သင်ရိုက်သမျှ key တွေ၊ သင် ၀င်ရောက်လည်ပတ်သမျှ website တွေ နဲ့ သင့်ရဲ့ Computer ကို အဝေးကနေအပြည့်အ၀ထိန်းချုပ်နိုင်ဖို့ အတွက် အချက်အလက်တွေကို Central hacker ဆီကို ပို့ပေးဖို့အတွက် Adware တွေ Trojan တွေ အဲဒီ Search bar မှာပါဝင်တတ်ပါတယ်....)

U.S government's Computer Emergency Rediness Team ( US-CERT) ကနေ Microsoft's Internet Explorer ( IE ) broswer အသုံးပြုခြင်းကို ရပ်တန့်ဖို့သတိပေးထားပါတယ်.. Vulnerability Note မှာကြည့်ပါ...

(၄) File-Type တွေကလည်းသိထားဖို့လို့ပါတယ်

Windows တွေမှာပါတဲ့ စိုးရိမ်စရာ အပြစ်တစ်ခုကတော့ file extension တွေကို ဖုံးကွယ်ဖို့ default setting ပါရှိခြင်းဖြစ်ပါတယ်... file extensions တွေဟာ အလွန်အရေးကြီးပါတယ်... ဘယ်တော့မှ hidden မလုပ်သင့်ပါဘူး...

သင့်ရဲ့ computer မှာရှိတဲ့ ဖိုင်တွေကို အလွယ်တကူ ခွဲခြားသတ်မှတ်ပေးဖို့ နဲ့ ရှာဖွေတွေ့ရှိဖို့အတွက် ဖိုင် တွေကို ကိုယ်စားပြုတဲ့ icons တွေပြုလုပ်ထားပါတယ်... အများအားဖြင့်တော့ document ရဲ့ types အမျိုးမျိုးမှာ ကိုယ်ပိုင် icon တွေရှိကြပါတယ်... ဥပမယ်.. Adobe Acrobat file တွေမှာ သိသာစေတဲ့ icon တစ်ခုရှိပါတယ်... ဒါပေမယ့် အဲဒီ icon ထဲမှာ ပါဝင်တဲ့ Windows Executable file (.exe) ကို သတိထားမိချင်မှ ထားမိပါလိမ့်မယ်...ဒါ့အပြင် တခြား document တွေနဲ့ ဆင်တူနေတာတွေလည်း ရှိနိုင်ပါတယ်... ဒါကြောင့် file types ကို တွေကို သိထားဖို့အရေးကြီးပါတယ်...

Extensions တွေကို ဖော်ပြပေးထားပါတယ် ...အဲဒီ extensions တွေ ပါဝင်တဲ့ ဘယ် attachment မဆို virus လို့ယူဆနိုင်ပါတယ်...

.BAT ----- DOS batch file
.COM ----- DOS executable file
.CMD ----- Windows 2000 batch file
.CPL ----- Control Panel extension
.HTA ----- HTML application
.JS ----- JScript
.JSE ----- JScript Encoded Script
.LNK ----- Shortcut
.MSI ----- Microsoft installer database
.PIF ----- Shortcut to DOS program
.REG ----- Registary Entries
.SCF ----- Windows Explorer command
.SCR ----- Screen Saver
.VB ----- VB Script
.VBE ----- VB Encoded Script
.VBS ----- VB Script
.WS ----- Windows Script Host
.WSC ----- Windows Script Host - Componet
.WSF ----- Windows Script Host
.WSH ----- Windows Script Host - Setting file

ဒါအပြင်လည်း .EXE file အနေနဲ့လည်း ရှိပါတယ်... ဒါပေမယ့် virus မဟုတ်တဲ့ executable files တွေလည်း ရှိနေတော့ သတိတော့ထားဖို့လိုပါတယ်...အကယ်၍ email တွေကနေပို့တဲ့အခါ ကိုယ်ယုံကြည်စိတ်ချမှုမရှိဘူး ဆိုရင် မဖွင့်ပါနဲ့...

ပြီးတော့ ဘယ် OLE document ( OLE document တွေမှာ Word and Excel documents တွေပါဝင်ပါတယ် ) မဆို viruses ပါဝင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့...
နောက်သတိထားရမယ့် extension တစ်ခုကတော့ .ZIP ပါ။ အဲဒီထဲမှာ compressed files တွေပါဝင်ပါတယ်... ZIP file တွေက သူတို့ထဲမှာ ပါတဲ့ file ရဲ့ extensions တွေကို ဖုံးကွယ်ပေးဖို့ အသုံးဝင်နေဆဲဖြစ်ပါတယ်... ဒါပေမယ့်လည်း ZIP လုပ်ထားတဲ့ Viruses တွေရဲ့ file names တွေမှာ အမှန်တကယ်ဖိုင်ရဲ့ extension ကို မသိနိုင်ဖို့အတွက် spaces hoping အများကြီးရှိတတ်ပါတယ်။ ( ဆိုလိုတာကတော့ file name မှာ ("...") ပါဝင်တာကို ပြောတာဖြစ်ပါတယ်...)

(၅) E-Mail ဖွင့်ကြည့်ရင် သတိထားပါ

ကိုယ်နဲ့ မသိတဲ့သူတွေဆီက mail တွေကို ဖွင့်မဖတ်မိအောင် သတိထားဖို့လွယ်ပေမယ့် တခါတရံ ကိုယ်နဲ့ သိတဲ့သူတွေဆီက virus ပါတဲ့ mail တွေကို သတိမပြုပဲဖွင့်တတ်ကြပါတယ်... အောက်မှာပြထားတဲ့ အချက် (၄) ချက်ကြောင့် သင်နဲ့ သိတဲ့သူတွေရဲ့ နာမည်နဲ့ virus ပါတဲ့ Mail တွေရောက်လာနိုင်ပါတယ်....

သူတို့ရဲ့ Computer မှာ ရှိတဲ့ Software တွေကနေ သူတို့မသိလိုက်ခင်မှာ သူတို့ ကိုယ်စား email တွေပို့နိုင်ပါတယ်။ Software တွေက တခြားတစ်ယောက်ဆီကနေ သူတို့ရဲ့ E-mail address တွေကို ယူပြီး ပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

နောက်တခုကတော့ သူတို့ကိုယ်တိုင် အမှန်တကယ် ပေးပို့လိုက်တဲ့ E-mail တွေပဲဖြစ်ပါတယ်။
ပြီးတော့ spammer တွေက သင် E-mail ဖွင့်ဖတ်ဖြစ်အောင် သူတို့ရဲ့ နာမည်တွေကို ရွေးချယ်ပြီး ပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တခြားသူတစ်ယောက်ကနေ E-mail ကို attachment နဲ့ လိုက်တဲ့အခါ attachment နဲ့အတူပါလာတဲ့ E-mail ရဲ့ body ကို သတိထားကြည့်ဖို့လိုက်ပါတယ်...
နောက်ပြီး Message headers ကိုလည်း သတိထားရပါမယ်... ဒါပေမယ့် တခါတရံမှာတော့ information အတုအယောင်တွေလည်း ဖြစ်နေတတ်ပါတယ် ... အများအားဖြင့်တော့ delivery route တွေက ယုံကြည်စိတ်ချနိုင်ပါတယ်...။
Learn more »

Explorer ဆိုတဲ့ Virus သတ်နည်း

ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်

Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။

Step 2
Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီအောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။

Step 3
My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က Folder Options ကို Click ပါ။
Folder Options Box ပေါ်လာရင် View ကို Click ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။ သူ့၂ခုကျော်က Hide protected operating system files (Recommened) ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။

Step 4
သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double Click နှိပ်ပြီးမ၀င်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။ အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ၀င်ပြီးရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုကမှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။ Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စောစောက Box မှာ ok ထက်နှိပ်ပါ။
Step 5
Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင် Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ
Learn more »

Virus ရဲ့ အတ္ထုပတ္တိ

      ကွန်ပျူတာတွေပေါ်ပေါက်လာတဲ. သမိုင်းတလျှောက်  ပြန်လေ့လာကြည်.ရင်  ထူးခြားတဲ. ဆောင်ရွက်မှူတွေ၊ တီထွင်မှုတွေကို တွေ.ရပါလိမ်.မယ်၊ ၁၉၈၄ ခုနှစ်ဟာ ကွန်ပျူတာသမိုင်းမှာ ထူးခြားတဲ.နှစ်တစ်နှစ်ဖြစ်ပါတယ်။ အဲဒါကတော. ၁၉၈၄ ခုနှစ်မှာ Fred Cohen က ဗိုင်းရပ်စ် ( virus ) ကိုစတင်မှည်.ခေါ်သုံးစွဲခဲ.လို.ပါပဲ။ ကွန်ပျူတာ အဘိဓါန် ထဲမှာလည်း ဗိုင်းရပ်စ်ဆိုတဲ. ဝေါဟာရသစ် တစ်လုံး တိုးပွားစေခဲ.ပါတယ်။

      New Haven တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ. Fred Cohen ဟာ ၁၉၈၄ ခုနှစ်မှာ သုတေသနစာတမ်းတစ်ခုရေးခဲ.ပါတယ်။ အဲင်္ဒီစာတမ်းထဲမှာ သူ.ဘာသာသူပွားယူနိုင်တဲ. ပရိုဂရမ်တွေနဲ. အဲ.ဒီ ပရိုဂရမ်ရဲ. အန္တရာယ် တွေကိုရေးသားခဲ.ပါတယ်။ အဲဒီအန္တရာယ်တွေကို ကြိုတင်သိမြင်ပြီး (National Science Foundation. NSF) ကနေရန်ပုံငွေ စိုက်ထုတ်လို. ကာကွယ်မှုတွေကို စီမံဆောင်ရွက်ထားဖို. ကမ်းလှမ်းခဲ.ပါတယ်။ ကံမကောင်းချင်တော. Fred Cohen ရဲ. ကမ်းလှမ်းချက်ကို NSF ကနေ ခါးခါးသီးသီးငြင်းပယ်လိုက်ပါတယ်။ အဲဒီအမှားတစ်ခုဟာ အခုထိ ပြင်မရတော.တဲ.အမှားတစ်ခု ဖြစ်ခဲ.ပါပြီ။

      အခုအချိန်မှာ Barton Group ရဲ. သုတေသန နဲ.လေ.လာဆန်းစစ်မှုဌာန အကြီးအကဲအအဖြစ် တာဝန်ယူလုပ်ဆောင်နေတဲ. Cohen ဟာ အဲဒီအချိန်ကအကြောင်း ပြန်ပြောင်းပြောဆိုရာမှာ  “သူတို.ဟာ အဲဒီကိစ္စကို လျှော.တွက်ခဲ.ပြီး လက်ရှိအချိန်မှာ စိတ်ဝင်စားစရာကောင်းတဲ.အလုပ်မဟုတ်ဘူး “ ဆိုပြီး ငြင်းဆိုခဲ.ပါတယ် “ လို.ပြောပြခဲ.ပါတယ်။

      နောက်ဆယ်စုနှစ် ကျော်လောက်မှာ ကွန်ပျူတာ သုံးစွဲခဲ.တဲ. ကုမ္ပဏီတွေ တစ်ဦးချင်းသုံးစွဲသူတွေ အားလုံးနီးပါး အဲဒီမှားယွင်းမှူအပေါ်မှာ ကြီးကြီးမားမား ပေးဆပ်နေရပါပြီ။ နည်းပညာပိုင်းဆိုင်ရာ စက်မှု လုပ်ငန်းကြီးတစ်ခုလုံး အမြဲတိုးတတ်ပြောင်းလဲနေတဲ. ဗိုင်းရပ်စ်နဲ. Worm တွေရဲ. ရန်ကို ကာကွယ်ဖို. မနားမနေကြိုးပမ်းရှာဖွေနေကြရပါတယ်။

      အင်တာနက်ကနေတစ်ဆင့် တိုက်ခိုက်လေ.ရှိတဲ.အတွက် ကာကွယ်လုပ်ဆောင်ရာမှာ လက်သည်တရားခံကို ရှာဖွေဖော်ထုတ်ရေးဟာ ရှုပ်ထွေးနက်နဲလှပါတယ်။ ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းကြီးတွေဟာ နှစ်စဉ် ငွေကြေးသန်းပေါင်းများစွာ ကုန်ကျနေသလို ထိခိုက်နစ်နာမှုတွေလည်း ငွေကြေးသန်းထောင်ပေါင်းများစွာ ဖြစ်ပေါ်နေပါတယ်။ ၂၀၀၃ ခုနှစ်ထဲမှာ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ.တဲ. ဗိုင်းရပ်စ် နှစ်မျိုးကတော. Sobig  နဲ. Slammer တို.ပဲဖြစ်ပါတယ်။တစ်နှစ်တစ်နှစ် လျော.သွားတယ်ဆိုတာမရှိဘဲ တိုးလာတာပဲရှိပါတယ်။

       အခုအချိန်မှာ မလိုတမာသူတွေကနေ နည်းပညာပိုင်းဆိုင်ရာပျော.ကွက်တွေ အားနည်းချက်တွေကို အသုံးချပြီး အွန်လိုင်းကနေတစ်ဆင့်  ချိုးဖောက်ဝင်ရောက်တိုက်ခိုက်လေ့ရှိတာမို. အဲဒီလို တိုက်ခိုက်တာမျိုးမခံရအောင် ကွန်ပျူတာသမားအားလုံး စောင့်ကြပ်စီမံနေရပါတယ်။ ဘယ်အချိန်ဘယ်နေရာကနေဘယ်လိုတိုက်ခိုက်မယ်ဆိုတာမသိဘဲ ခံလိုက်ရတဲ.အချိန်မှသာ ခံရပြီဟေ. လို. သိရှိနိုင်တဲ.အတွက် စီမံဆောင်ရွက်ရတာ နက်နဲခက်ခဲလှပါတယ်။ အဲဒီလို တိုက်ခိုက်ခံရတဲ. အမှုကိစ္စတွေထဲက တချို.တစ်ဝက်ကိုပဲ မှတ်တမ်းတင်ထားနိုင်ခဲ.သလို တကယ်.တရားခံအစစ် ဆိုတာကို ရှာဖွေတွေ.ရှိ ဖမ်းမိတယ်ဆိုတာလည်း မရှိသလောက်ရှားပါတယ်။

      Cohen ဟာ အနာဂတ်အန္တရာယ်ကို  ကြိုတင်သိမြင်နိမိတ်ဖတ်နိုင်ခဲ.ပြီး ၁၉၈၃ ခုနှစ် နိုဝင်ဘာလ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ ကျောင်းတတ်နေတဲ.အချိန် ကျောင်းသားဘ၀မှာကတည်းက ကွန်ပျူတာလုံခြုံရေးဆိုင်ရာကိစ္စတွေနဲ. ပါတ်သက်ပြီး အရိတ်အမြွတ်ပြောကြားခဲ.ပါတယ်။ အပါတ်စဉ် ကျင်းပတဲ. ကွန်ပျူတာလုံခြုံရေးဆိုင်ရာ Seminar မှာ System တစ်ခုကနေ တခြား System  တစ်ခုဆီ သူ.ဘာသာသူ အလိုအလျောက် ကူးစက်ကော်ပီပွားနိုင်တဲ. ပရိုဂရမ်တစ်ခု ကိုရေးဖို. ခေါင်းထဲမှာ ချက်ချင်းစိတ်ကူးရခဲ.ပါတယ်။ စက္ကန်.ပိုင်းအတွင်းမှာပဲ အဲဒီပရိုဂရမ်ကို  ဘယ်လိုရေးရမလဲ ဆိုတာ အတွေးပေါက်ခဲ.ပါတယ် လို.  Cohen ကပြောပြပါတယ်။

        အဲ.ဒီအချိန်မှာ Cohen ကို အကြံဥာဏ်ပေးနေတဲ.သူကတော. Len Adleman ပဲဖြစ်ပါတယ်။ သူကလဲ ခေသူမဟုတ်ဘဲ  Public Key နဲ.  Encryption Key ကို တီထွင်ခဲ.သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အဲဒီ Encryption Key ကို RSA (Rirest. Shamir Adleman) လို.ခေါ်ပါတယ်။  Aldeman ကနေ “ ဒါဟာ ဒစ်ဂျစ်တယ်ဆိုင်ရာဗိုင်းရပ်စ်” လို. အကြံပြုခဲ.ရာကနေ “ဗိုင်းရပ်စ်”ဆိုတဲ. နာမည် အတည်ဖြစ်ခဲ.ခြင်း ဖြစ်ပါတယ်။

ဗိုင်းရပ်စ် စတင်မွေးဖွားခြင်း

      နောက်နှစ်ထဲမှာရေးသားခဲ.တဲ. Cohen ရဲ. စာတမ်းထဲမှာ ဗိုင်းရပ်စ်ဆိုတာ ပရိုဂရမ်တစ်ခု ၊ အဲ.ဒီပရိုဂရမ်ဟာ တစ်ခြားပရိုဂရမ်တစ်ခုကို ကူးစက်နိုင်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲလုပ်ဆောင်နိုင်တဲ.အပြင် သူ.ဘာသာသူ ကော်ပီကူးနိုင်တဲ.ပရိုဂရမ်လို. အဓိပ္ပါယ်ဖွင့်ဆိုခဲ.ပါတယ်။ Cohen ကနေ ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေကို ရှယ်ယာလုပ်သုံးစွဲခဲ.တဲ. ဘယ် System မဆို ကူးစက်ပြန်.ပွားနိုင်ကြောင်းနဲ. ဗိုင်းရပ်စ်တွေရဲ.အမူအကျင့် နဲ. သဘောသဘာဝတွေကို ပါ ဖော်ပြခဲ.ပါတယ်။

  သူ.ရဲ.ယူဆချက်ကို သက်သေပြဖို.အတွက် စမ်းသပ်တဲ.ပရိုဂရမ်တစ်ခုရေးသားပြီးဗိုင်းရပ်စ်တွေဟာ ဘယ်လောက်ထိ မြန်မြန်ဆန်ဆန်ကူးစက်နိုင်လဲဆိုတာ လက်တွေ.လုပ်ဆောင်ပြပါတယ်။အဲ.ဒီအချိန်က သုံးစွဲနေတဲ. မိန်းဖရိမ် (Mainframe) ကွန်ပျူတာကြီးတွေရဲ. လုံခြုံရေးဆိုင်ရာအားနည်းချက်တွေကို ထောက်ပြခဲ.ပါတယ်။ Cohen လိုမျိုးလက်ဆုပ်လက်ကိုင်ပြသတာမျိုးမရှိခဲ.ပေမဲ. သူ.ရဲ. သုတေသနစာတမ်းမတိုင်ခင်တည်းက ဗိုင်းရပ်စ် နဲ.ဆင်တူတဲ. ပရိုဂရမ်တွေ ရှိနေခဲ.ပြီးဖြစ်ပါတယ်။ အဲ.ဒီလိုမျိုးပြောကြားခဲ.သူကတော. ကွန်ပျူတာလောကရဲ.သီအိုရီတွေ  တော်တော်များများ ဖော်ထုတ်တီထွင်နိုင်ခဲ.တဲ. ကွန်ပျူတာဘိုးအေကြီး John  Von Neumann ဖြစ်ပါတယ်။ သူဟာ ဟန်ဂေရီနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက မွေးဖွားခဲ.တာဖြစ်ပြီး ကွန်ပျူတာခေတ်ဦးရဲ. တီထွင်သူတစ်ဦးအဖြစ်ထင်ရှားခဲ.သူ ဖြစ်ပါတယ်
Learn more »

Memory Stick က Virus ကိုရှင်းလင်းနည်း

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ ။ Memory Stick ထိုးလိုက်ရင် Autorun.inf တို့  Recycled.exe တို့ 
Rundll32.exe တို့ ပေါ့ ။ ဒီ Virus တွေကို USB Disk Security တွေမှာလာပြတယ် ။ အဲဒီထက်ကိုအရမ်းကောင်းပါတယ်ဆိုတဲ့ Kasper ကတောင်မဖျတ်နိုင်ဘူး ။ USB Disk Security မှာ Delete လုပ်လဲ တချိုဟာတွေဆို Delete လုပ်လို့ ကိုမရဘူး ။ ဒီတော့ဘာ software မှာသုံးဖို့မလိုပဲ ကျွန်တော်ပြောတဲ့နည်းလေးတိုင်းစမ်းကြည်လိုက် ။ အားလုံးကိစ္စချောပြီး ရှိသမျှ Virus တွေအကုန်သေစေရမယ် ။ ( ဟဲ ဟဲ Virus ဆိုတဲ့အကောင်းသာစကားပြောတက်ရင် ကျွန်တော် ကိုထဆဲမယ်ထင်တယ် )
လုပ်ပုံလုပ်နည်းလေးရှင်းပြမယ် လိုက်လုပ်ကြည်ပါ ။
- Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး လွယ်တယ် Bat file နဲ့  Command ရေးပြီးရှင်းတဲ့နည်းပါ ။
-အရင်ဆုံး Notepad တခုကိုဖွင့်လိုက်ပါ ဖွင့်ပြီးရင်တော့ ကျွန်တော် အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူလိုက်ပါ ။

@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo

-Copy ယူပြီးတော့ ဖိုင်ကိုနာမည်တခုခုပေးပြီး save မယ် .bat (ဥပမာ- MemoryStick.bat)ဆိုပြီးတော့ ကိုယ် Memory Stick ထဲ
မှာ save ထားလိုက် ။ MemoryStick.bat ဆိုတဲ့ ဖိုင်လေးကိုမဖျတ်လိုက်နဲ့ နော် Stick ထိုးလိုက်တိုင် ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက် ။ အဲဒါဆိုရင်တာ့ မိမိတို့ ရဲ့  Memory Stick ထဲမှာရှိနေတဲ့ Virus တွေကို ဒီကောင်လေးကရှင်းပေးလိမ့်မယ်။
Learn more »

Virus အကြောင်းဗဟုသုတလေးပါ

Virus သမိုင်းအစ ဟာသမှဖြစ်(Began of Virus)
ကွန်ပျူတာအသုံးပြုနေသူတွေအနေနဲ့ မိမိတို့ကို အန္တရာယ်ပြုတိုက်ခိုက်တတ်တဲ့ virus တွေ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတဲ့အပြင် တစ်ခါတစ်ရံမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ Personal Computer တွေကို တိုက်ခိုက်တဲ့ virus တွေဟာ 1982 ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ virus တွေရဲ့သက်တမ်း 25 နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ပေါ်ထွက်ခဲ့တဲ့ အရေးပါတဲ့ virus တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....။
Elk Cloner (1982)
ဒီ virus ဟာ personal computer တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး virus ဖြစ်ပြီး ကိုးတန်း ကျောင်းသားတစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Elk Cloner ဟာ Apple II Floppy disk တွေကတစ်ဆင့် ပျံ့နှံ့တာဖြစ်ပြီး computer ကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ စတဲ့ နောက်တဲ့သဘောနဲ့ ကျောင်းသားလေးက ရေးသားထားတဲ့ ကဗျာအဖြစ် Screen ပေါ်မှာ ပေါ်လာတာဖြစ်ပါတယ်...။
Brain (1986)
Microsoft ရဲ့ Operating System (DOS) သုံး computer တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ virus ကတော့ Brain ပဲဖြစ်ပါတယ်။ ဒီ virus ကို computer ပြင်ဆိုင်ဖွင့်ထားတဲ့ ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ဦးက ရေးသားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ computer တွေအတွင်း ၄င်းတို့ဆိုင်ရဲ့ ဖုန်းနံပါတ်ပေါ်လာအောင် လုပ်ဆောင်ထားတာလို့ သိရပါတယ်...။
Morris (1988)
ဒီ Morris virus ကိုတော့ အမေရိကန်ပြည်ထောင်စုအစိုးရ computer လုံခြုံရေးပညာရှင်တစ်ဦးရဲ့သားက ရေးသားခဲ့တာဖြစ်ပြီး internet နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်နဲ့စစ်ဘက်ဆိုင်ရာ computer ပေါင်း 6000 နီးပါး တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ Morris မတိုင်မီက ပေါ်ထွက်ခဲ့ဖူးတဲ့ virus တွေဟာလည်း internet ကွန်ယက်ကတစ်ဆင့် ပျံ့နှံ့ဖူးပေမယ့် Morris လောက် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်...။
Melissa (1999)
Melissa ကတော့ E-mail ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး virus ပဲဖြစ်ပါတယ်။ E-mail အသုံးပြုသူတွေ အနေနဲ့ Melissa ကပ်ငြိနေတဲ့ attachment ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် E-mail account ထဲ မှတ်သားထား တဲ့ ပထမဆုံးလိပ်စာရှင်အယောက် 50 ဆီ အလိုအလျောက် E-mail ပေးပို့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။
Love Bug (2000)
ဒီ virus ဟာလည်း E-mail ကနေတစ်ဆင့် ပျံ့နှံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပြီး ရည်းစားစာပုံစံမျိုး အယောင် ဆောင်ထားတာကြောင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။
Code Red (2001)
ဒီ virus ဟာ Microsoft ရဲ့ Software အတွင်းက အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာတဲ့ ပထမဆုံး network worm တစ်ခုဖြစ်ပါတယ်။ ဒီ Code Red ဟာ တခြား virus တွေလိုမျိုး လူကနေပြီး attachment ကိုဖွင့်မှကူးစက်တာမဟုတ်ပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ computer တွေဆီ အလိုအလျောက် ပျံ့နှံ့သွားတာဖြစ်ပါတယ်။ Microsoft အနေနဲ့ ဒီ software အားနည်းချက်ကို ဖာထေးဖို့အတွက် Patch တစ်ခု ပေးထားခဲ့ပေမယ့် အတော်များများက install မလုပ်ခဲ့ကြတာကြောင့် Code Red ရဲ့ ပျံ့နှံ့မှု ပိုပြီးကျယ်ပြန့်ခဲ့ရ တယ်လို့ ဆိုထားကြပါတယ်...။
Blaster (2003)
Blaster ကလည်း Code Red လိုမျိုးပဲ Microsoft ရဲ့ software အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်။ ဒီ virus ဟာ SoBig နဲ့ အတူပဲ computer တွေကို အကြီးအကျယ် အန္တရာယ်ပြုခဲ့တာကြောင့် Microsoft ကနေ virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်...။
Sasser (2004)

Sasser virus ကလည်း Microsoft software အားနည်းချက်ကို အခွင့်ကောင်းယူပြီး computer ကို အကြိမ် ကြိမ် reboot ပြုလုပ်ကာ crash ဖြစ်စေခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Sasser virus သမိုင်းတစ် လျှောက် နောက်ဆုံးထွက်ခဲ့တဲ့ အမျိုးအစားတစ်ခုမဟုတ်ပေမယ့် နောက်ပိုင်း virus တွေဟာ ကွန်ယက်လုံခြုံရေး စနစ်သစ်တွေကြောင့် Sasser လောက် ဖျက်ဆီးနိုင်စွမ်း မကြီးမားကြတော့တဲ့အပြင် virus ရေးသားသူတွေ ကလည်း အဖျက်စွမ်းအားကို အဓိကမထားဘဲ ငွေကြေးအကျိုးအမြတ်ဘက်လှည့်လာကြတာကြောင့် Sasser လောက် အာရုံစိုက်မှု မရှိခဲ့ကြတာဖြစ်ပါတယ်...။
Learn more »

Virus (၉)မျိုးနှင့်သူတို့အလုပ်လုပ်ဆောင်မှုများ

သင်ဟာ ကွန်ပျူတာ လုံခြုံရေး ခြိမ်းခြောက်မှုအကြောင်းကို အများအပြား မသိဘူး ဆိုရင်တောင်မှ ခြေခံ ဗဟုသုတက အသုံးကျနိုင်ပါသည်။ တခါတရံမှာ သူတို့ရဲ့ အကျိုးဆက်များကို မသိခင် ဘယ်လို အန္တရာယ် ရှိလဲဆိုတာကို သိဖို့ ခက်ခဲပါလိမ့်မယ်။ Computer virus နဲ့အတူ အကျိုးဆက်တွေက တခါတရံမှာ မည်သို့ သင့်ရဲ့ အချက်အလက်တွေ ဆုံးရှုံးပုံ မည်မျှ အထောက်အထားတွေ ခိုးယူမှု ဖြစ်ပုံတို့ ဖြစ်သည်။ ဒါကြောင့် နောက်ကျတာထက်ကို ပိုပြီး သင်ယူဖို့ ကောင်းပါတယ်။
၁။Boot Sector Virus

မူလ MS-DOS မှလာသော ယေဘုယျ အမည်ကို “boot sector” ဟု သတ်မှတ်သည်။ သို့ပေမယ့် ယခုအခါ ဘယ် operating system မှာ ဖြစ်ဖြစ် ယေဘုယျအားဖြင့် boot information ကို အသုံးပြုခဲ့သည်။ Modern computer များမှာ အထူးသဖြင့် “master boot record” ဟုခေါ်ပြီး ၎င်းသည် partitioned storage device တစ်ခုပေါ်က first sector ဖြစ်သည်။ Computer ကို boot တက်စေရန် floppy disks ကို အသုံးပြုခြင်းကြောင့် boot sector virus ဟာ ကျော်ကြားလာပါသည်။ Internet အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့် virus ကူးစက်ခြင်းခံရတဲ့ floppy တွေကြောင့် virus ပျံ့နှံ့မှုဟာ ပိုပြီး အကျိုး သက်ရောက်လာတယ်။
၂။ Browser Hijacker

ဒီ virus အမျိုးအစားမှာ ဆိုရင် အလကားရတဲ့ download တွေမှာ နည်းလမ်း အတော်များများနဲ့ သူကိုယ်တိုင် ပျံ့နှံ့နိုင်ခြင်း၊ အချို့ browser function တွေကို ထိထိရောက်ရောက် ပုန်းကွယ် တိုက်ခိုက်ခြင်း၊ အထူးသဖြင့် re-directing ပုံစံဖြင့် user တွေရဲ့ particular site တွေဆီသို့ အလိုအလျောက် ပျံ့နှံ့နိုင်သည်။ Web ကြော်ငြာများမှ ငွေကြေးတိုးပွားစေဖို့ သူတို့က နည်းဗျူဟာ designed ပြုလုပ်ခဲ့တယ်လို့ ယေဘုယျအားဖြင့် ယူဆရသည်။ သူတို့တွေက virus များစွာကဲ့သို့ အထူးသဖြင့် “search” ကဖော်ပြချက်ရဲ့ တနေရာရာမှာ ပါဝင်ပါသည်။ Cool web search သည် ကောင်းစွာသိနိုင်တဲ့ နမူနာ ဖြစ်ပါသည်။ ဒါပေမယ့် တခြားဟာက သာမန်လုနီးပါးပါ။
၃။ Direct Action Virus

ဒီ virus အမျိုးအစားဟာ မကြိုက်ဆုံးနှင့် ဖိုင်ထဲမှာပါဝင်တဲ့ virus ကိုစီမံတဲ့အခါ လုပ်ဆောင်မှုထဲမှာ သာလျင် ပါဝင်သည်။ ပျံ့နှံ့အားက ဖြန့်ဝေပြီးနောက် virus များဟာ အခြေခံအားဖြင့် ပုန်းကွယ်နေပြီး ၎င်းတို့က virus ကူးစက်ထားတဲ့ ဖိုင်က နောက်တစ်ကြိမ် စီမံခြင်းမရှိဘဲ နဲ့ အခြားလှုပ်ရှားမှုများ မရှိပါ။ Virus အများစုဟာ အလွယ်တကူ ပြန်လည် ထုတ်လုပ်ခြင်း၏ တိုက်ရိုက်လုပ်ဆောင်မှုနည်းလမ်းကို အသုံးမပြုပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းက လျင်မြန်စွာ မပေါက်ပွားပါဘူး။ ဒါပေမယ့် အဲဒီ အမျိုးအစား virus က အရင်ထဲက ပျက်စီးပြီးသားပါ။ ၁၉၈၈ မှာ computer များကို ခဏ ခြိမ်းခြောက်ခဲ့တဲ့ Vienna virus ဟာ တိုက်ရိုက်လုပ်ဆောင်မှု virus ရဲ့ နမူနာ ဖြစ်ပါသည်။

၎။ File Infector Virus

Virus ရဲ့ အကောင်းဆုံး အမျိုးအစား ဖြစ်ကောင်းဖြစ်နိုင်၊ အကိုက်ခံရတဲ့ ဖိုင်တွေဟာ host file မှာ root ပြုလုပ်ပြီး ဖိုင်ကိုစီမံတဲ့အခါ သူ့ operation စတင်ပါသည်။ virus ကူးစက်ခြင်းခံရသောကြောင့် ဖိုင်တွေကို လုံးဝ overwrite ဖြစ်နိုင်ပါတယ်။ သို့မဟုတ် ဖိုင်ရဲ့ အစိတ်အပိုင်း အစားထိုးရုံသာ ဖြစ်နိုင်၊ သို့မဟုတ် ဘယ်ဟာဖြစ်ဖြစ် အစားထိုးလို့ မရနိုင်၊ ဒါပေမယ့် ဖိုင်တွေကို re-write အစား user ရည်ရွယ်ခဲ့တဲ့ program ထက် virus ကစီမံခဲ့ရတယ်။ File virus လို့ အဓိပ္ပါယ် သတ်မှတ်သော်လဲ ယေဘုယျအားဖြင့် ဖိုင်အားလုံးထဲမှာ ရှိတဲ့ virus အားလုံးကို မသက်ရောက်နိုင်ပါ။ ဥပမာအားဖြင့် Macro virus က file virus ရဲ့ အောက်ကလို့ မရည်ရွယ်ပါဘူး။ Definition ကယေဘုယျအားဖြင့် virus သာ အဓိပ္ပါယ် ရည်ညွန်းခဲ့ပြီး အဲဒီ virus အစား သူတို့ host ကို (.exe) ကဲ့သို့ တရားဝင် သတ်မှတ်ထားတဲ့ file format ကို သုံးခဲ့တယ်။
၅။ Macro Virus

Program ရဲ့အမျိုးမျိုးသော ကျယ်ပြန့်မှုမှာ Microsoft excel ကဲ့သို့ application ထုက်လုပ်မှု ပါဝင်ပြီး တိကျတဲ့ macro programming language ကို သုံးတဲ့ document ထဲမှာ ပုန်းနေတဲ့ virus အတွက် ၎င်းက ပြုလုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ Macro virus ရဲ့ ပျံ့နှံ့အားဟာ အရမ်းကျယ်ပြန့်ပါသည်။ Macro virus ကို ကောင်းကောင်းသိနိုင်တာက သေချာသလောက်တော့ Melissa ဖြစ်ပြီး ညစ်ညမ်း website တွေမှာ စကားလုံး စာရွက်စာတမ်းလို့ ထင်ရတဲ့ password တွေ ပါဝင်နေပါသည်။ Virus တွေက စကားလုံးနဲ့ link တွေ ကို အသုံးချပြီး Microsoft outlook ကနေ အလိုအလျောက် email တွေကို သူတို့ကိုယ်တိုင် ကူးနိုင်ပါသည်။
၆။ Multipartite Virus

အချို့ virus များဟာ နည်းလမ်းတစ်ခုမှ တဆင့် ပျံ့နှံ့ဖို့ သို့မဟုတ် payload တစ်ခုသို့ ပေးပို့စဉ်တွင် multipartite virus က အားလုံးကို လိုချင်သည်။ ဒီ အမျိုးအစား virus က နည်းလမ်းများစွာနဲ့ ပျံ့နှံ့နိုင်ပြီး ၎င်းက ပြောင်းလဲနိုင်သော ရောဂါပိုး ၀င်တဲ့ ကွန်ပျူတာဟာ operating system install လုပ်ခြင်း သို့မဟုတ် တိကျတဲ့ ဖိုင်ရဲ့ ရပ်တည်ရေး ကဲ့သို့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်မှု ကွဲပြားပါ လိမ့်မည်။
၇။ Polymorphic Virus

အခြား jack-of all trades မှာ polymorphic virus တွေဟာ အမှန်တကယ် ပိုပြီး အသွင်ပြောင်းခြင်း သို့မဟုတ် virus သတ်ပြီးတိုင်းနောက် သူတို့ဟာ payload ပေးပို့ဖို့ ပြောင်းလဲနေတဲ့ code ကို အသုံးပြုခဲ့သည်။ တနည်းအားဖြင့် ဒါမှမဟုတ် ဒါ့အပြင် စိတ်ချနိုင်တဲ့ အခြေအနေမှာ တွေဆုံတဲ့အခါ သူ့ဟာသူ အလိုအလျောက် ပြောင်းလဲနေသော polymorphic virus တွေဟာ encryption algorithm နှင့်အတူ သူ့ဟာသူ စောင့်ရှောက်နိုင်ပါသည်။ သူ့ လှည့်စားမှု ရဲ့ ၇ည်ရွယ်ချက်က ရှောင်လွဲဖို့ ဖြစ်ပါတယ်။ Antivirus program တွေဟာ တိကျတဲ့ code ကို သုံးခြင်းဖြင့် virus ကို မကြာခဏ ရှာနိုင်ပါသည်။ Virus ရဲ့ code ပြောင်းလဲခြင်းက virus ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားဖို့ ကူညီနိုင်သည်။
၈။ Resident Virus
ဒီ ကျယ်ပျံ့တဲ့ virus definition က အချို့ virus ကို system ရဲ့ memory ထဲမှာ သူကိုယ်တိုင် ထည့်ခြင်းဖြင့် သက်ရောက်နိုင်ပါသည်။ ထို့နောက် အချို့ လုပ်ဆောင်မှုရဲ့ အရေအတွက် တော်တော်များများကို ယူပြီး မူလ ကူးစက်ပြီးသား ဖိုင်ကို သီးခြား run နိုင်ပါသည်။ Resident virus ဟာ direct payload virus နဲ့ နှိုင်းယှဉ်ပြီး သူတို့ဟာ system ရဲ့ memory ထဲကို သူတို့ကိုယ်တိုင် မထည့်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ရောဂါ ကူးစက်ပြီးသား ဖိုင်ကို စီမံတဲ့အခါမှာ သာလျင် လုပ်ဆောင်ပါသည်။
၉။ Web Scripting Virus

များစွာသော website တွေမှာ စိတ်ဝင်စားစရာ ပါရှိတဲ့ စီစဉ်မှုအရ ရှုပ်ထွေးတဲ့ code တွေနဲ့ စီမံထားသည်။ သင့်ရဲ့ browser မှာ online video ပြနေသောအခါ ဥပမာအားဖြင့် video ကိုယ်တိုင်နှင့် player ကြားခံနှစ်ခုလုံး ထောက်ပံ့ဖို့ တိကျတဲ့ code language စီမံခြင်း လိုအပ်ပါတယ်။ ဟုတ်ပါတယ် code တွေဟာ တခါတရံမှာ စွန့်စားရနိုင်တယ်။ ၎င်းက computer ကို virus ၀င်ဖို့ သို့မဟုတ် website ကို ဖြတ်ပြီး computer ပေါ်မှာ လှုပ်ရှားနိုင်ဖို့အတွက် သူဟာ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ပါတယ်။ Malicious site တွေမှာတောင်မှ ရည်ရွယ်ထားတဲ့ ကူးစက်ပြီးသား code တွေနဲ့ တခါတရံ ဖန်တီးနိုင်သည်။ Virus တွေ့နိုင်တဲ့ အခြေအနေ အမျိုးမျိုးမှာ webmaster ရဲ့ သိရှိမှုမပါဘဲ site တစ်ခုထဲ code တွေ ထည့်သွင်း နိုင်ပါသည်။

နိဂုံးချုပ် အနေဖြင့် ဒီ article မှာ computer virus အမျိုးအစားတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် လူတွေသိတဲ့ virus အမျိုးအစားတိုင်းရဲ့ စာရင်းတွေ မပါဝင်ပါဘူး။ အချို့ worms ဒါမှမဟုတ် Trojans လည်းပဲ မပါဝင်ပါဘူး။ အဲဒါဟာ သာမန် ခြိမ်းခြောက်မှု နှစ်ခုဖြစ်ပြီး virus နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် နည်းစနစ်အရ မတူပါဘူး
Learn more »

G talk Virus လေးပါသတိထားနိုင်ဖို့အတွက်....

အခု gtalk virus တစ်မျိုးပေါ်နေတယ်၊ virus က ကိုယ့် friend နဲ့ပြောနေတုန်း၊ သူ့ box ထဲကနေ (iew my webcam (private secured connection using privateCam) http://- - - - - - - - - - - - .exe) ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊ (မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး၊ virus တွေထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို click နှိပ်လိုက်ရင်virus တွေက ကွန်ပျူတာနဲ့ ကိုယ် gtalk account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ account နဲ့ computer က သူနဲ့ပြောတဲ့ gtalk friend တွေဆီကို autochatting လုပ်ပြီး အခုနစာသားတွေထပ်ပို့ပြီးပြန့်နှံ့အောင်လုပ်ပါတယ်၊ ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။ (အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။
သူ့ ရဲ့ ကူးစက်တဲ့ပုံစံက ဒီလိုဗျ... သူက ကိုယ့်ရဲ့ နစ်ထဲမှာရှိတဲ့သူက ကိုယ့်ကိုလှမ်း chat တဲ့ပုံစံမျိုး နဲ့ အောက်ပါအတိုင်း စာပိုဒ် ၃ ခုခွဲပြီး ၃ ခါခွဲတက်လာတယ် မြန်လဲမြန်တယ်ဗျ...
၁ ။ asl please
I am 23 Female, Delhi (India)
and you?
၂ ။ Now search your google in a HYBRID\DYNAMIC way -http://h1.ripway.com/mygoogle0/index.html
၃ ။ View my private cam via secured connection -http://h1.ripway.com/db0/privateCam.exe

အဲလို စာတက်လာပြီး သူ့လင့်ကို နှိပ်မိရင် Download ချက်ခြင်းကျလာတယ်။ Run လိုက်ပြီ ဆိုတာနဲ့ အောက်အတိုင်း ဖြစ်လာပါရောဗျာ...။
၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး နစ်ဖွင့်လို့ရအောင် ကာဆာ ချပေးလိမ့်မယ်။(စက်မှာ run မထားဘူး မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့)
၂။ နစ်ဖွင့်လိုက်မိရင် အဲဒီနစ် အပေါ်ဆုံးက လူသုံးယောက်ကို အပေါ်မှာ ကျနော် ရေးပြခဲ့တဲ့ အတိုင်း ကတုံ၊ ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်။ ဘာမှ လုပ်လို့ မရဘူး။ ၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ၅ မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်နေလိမ့်မယ်။(တစ်ခြားနစ်ကို မိမိ ကိုယ်တိုင် ကာဆာချပြီး စကားပြောမနေဘူးဆိုရင် အဲဒီ နစ်သုံးခုကိုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။ )
၃။ gtalk တွေ၊ Yahoo တွေ exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် နစ်ဖွင့်ဖို့အတွက် messenger တွေ လာလာပေါ်ပေးနေလိမ့်မယ်။
၎။ task manager, registry editor, Folder Options စတာတွေ ကတော့ ဗိုင်းရပ်တို့ ထုံးစံအတိုင်း ခေါ်လို့မရဘူးဖြစ်နေလိမ့်မယ်။
၅။ Drive တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ပါဘူး။

အဲဒီပုံစံနဲ့  Virus စပြီးကူးတော့တာပါပဲ.....
rabbitphyu(wint: (life is beauty ) ဆိုတဲ့mail ၀င်လာရင် Delete လုပ်လိုက်ပါ လုံးဝ(လုံးဝ)မဖွင့်ကြည့်ပါနဲ့ သူငယ်ချင်းတို့ password ခိုးသွားလိမ့်မယ်....
ဒါသူ့ ရဲ့  gmail Address (rabbitphyu@gmail.com) ... ဆော်လေးဆိုပြီး သွား click မလုပ်လိုက်နဲ့ နော်.....
ကျွန်တော်လဲမကြုံဖူးသေးဘူး...ဒါပေမယ့်. သတိထားမိတော့..ကောင်းတာပေါ့...
Learn more »

Virus ရှိ။ မရှိ စမ်းသပ်နည်းလေပါ

virus ရှိ ၊ မရှိ စစ်မယ်ဆိုရင်....
 တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
 
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
 ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့
virus ရှိနေပါပြီ...။

ကိုခင်မောင်စိုးဘလော့မှပြန်လည်မျှေထားပါတယ်