ဆော့ဖ်ဝဲတွေကိုအမြဲတမ်းသုံးလိုရအောင်

ဒီဆောပ်ဝဲလ်ကို ကျွန်တော်တွေ့တွေ့ချင်း ဘယ်လိုသုံးမှန်းကို မသိဘူး ။ လိုက်ပြီးတော့ လေ့လာတော့မှ ကောင်းကောင်း သိတာ ။ အဲဒီတော့မှ ဆောပ်ဝဲလ်နာမည်နဲ့ အာနိသင်နဲ့တူနေတာပါကိုး ဆိုပြီးတော့ပေါ့ဗျာ ။ ဟုတ်ပါတယ်ဗျာ .... ။ ဒီဆောပ်ဝဲလ်ကို ဘယ်လိုအသုံးဝင်လဲဆိုရင်..... တစ်ချို့ဆောပ်ဝဲလ်တွေက ရက်ပေါင်း သုံးဆယ်ပဲ အလကားပေးသုံးတယ် ။ ရက်သုံးဆယ်ပြည့်ရင် Register လုပ်ခိုင်းတယ် ။ မလုပ်ရင် သုံးလို့မရတော့ဘူးပေါ့ ။ ဒီဆောပ်ဝဲလ်က အချိန်ကို ဆွဲထားတဲ့ ဆောပ်ဝဲလ်ပါ ။ ဥပမာ ဆောပ်ဝဲလ်ကို သုံးတာ ရက်သုံးဆယ်ပဲ ရမယ်ပေါ့ .. ... အဲဒါကို ဒီဆောပ်ဝဲလ်က သုံးဆယ်မတိုင်ခင် ဘယ်နှစ်ရက်ပဲပဲထားထား ထားလိုက် ။ အချိန်က သေသွားသလိုမျိုးပေါ့ ။ အဲဒီအချိန်မှာပဲ ရပ်သွားသလိုမျိုး ။ ဒီဆောပ်ဝဲလ်က အဲလိုလုပ်ပေးတာ ။
ရက်သုံးဆယ်မရောက်နိုင်တော့တဲ့သဘောပါ ။ ရှင်းရင်းရှင်းရင်းနဲ့ နားပိုရှုပ်နေဦးပါမယ် ... သုံးသာသုံးကြည့်လိုက်ပါဗျာ ။

ပထမဆုံး ဆောပ်ဝဲလ်ကိုဒီမှာဒေါင်းလိုက်ပါနော်ပါဗျာ ။ အဲဒီမှာ exe file ပါမယ် ။ အသင့်သုံးရုံသာ ။

အဲဒါကို ဖွင့်လိုက်ပါ ။ မိမိလုပ်လိုတဲ့ ဆောပ်ဝဲလ်ကို Browser မှာ ဆောပ်ဝဲလ်ရဲ့ exe file ကို ရွေးပါ ။ အဲဒါက Install လုပ်ပြီးဖြစ်တဲ့ C all program file မှာ ရှိမယ်....
အချိန်ကို ရွေးပေးလိုက်ပါ ။ မတိုင်ခင်ရက်လေးပါ ။ မနက်ဖန်ကုန်ရင် ဒီနေ့ ရွေးပေးလိုက်ပေါ့ ။
ပြီးရင် Crate Desktop shortcut ရဲ့ ရှေ့မှာ ဆောပ်ဝဲလ်နာမည်ကို ရေးထည့်ပြီး ။ Crate Desktop shortcutကို နိပ်လိုက်ပါ ။ ပြီးပါပြီ ။ Close လိုက်ပါ ။ ပုံကို ကြည့်ပါဦး...

Desktop မှာ အဲဒီဆောပ်ဝဲလ်ရဲ့ Shortcut ရောက်နေပါလိမ့်မယ်....။
အဆင်ပြေကြပါစေဗျာ..

ဆော့ဖ်ဝဲတွေကိုအမြဲတမ်းသုံးလိုရအောင်

Posted 11:56 PM by Nai Nai in Labels:

0 comment(s) to... “ဆော့ဖ်ဝဲတွေကိုအမြဲတမ်းသုံးလိုရအောင်”

0 comments:

Post a Comment