မိမိသုံးနေတဲ့ social network အကောင့်တွေ အခိုးမခံရအောင် ဘယ်လိုကာကွယ်မလဲ?

အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။ ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။ မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။

ဘာလို့ Account တွေ အခိုးခံရ သလဲ?

အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။

ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။

Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.

နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။

၁။ Userရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ

အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်းတယ်ဆိုတာ ကြိမ်းသေ နေပါပြီ။

စာရေးသူ ကြုံဖူးပါတယ်။ မိတ်ဆွေသူငယ်ချင်းအကောင့်ကို အားအားယားယားဆိုပြီး Password မှာ သူ့နာမည် ရိုက်ထည့်လိုက်တာ အကောင့်က ပွင့်ပါလေရော။ နာမည်ရင်းအတိုင်း အပြည့်အစုံထား တာမျိုးကတော့ တကယ်ကို အလွယ်လမ်းလိုက် လွန်းပါတယ်။

ဒါကြောင့် Password ဘယ်လို ရွေးရမလဲ။

အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်

၁။ Password ကိုပေးရာမှာ မိမိ နာမည်က “အောင် “ ပါမယ်ဆိုရင် အဲဒါကို control-shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

၃။ Password က အနည်းဆုံး ၈လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံးများလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။ သို့ပေမယ့် ၁၀လုံးထည့်တော့ မနည်းသင့်ပါဘူး။

ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း Password တစ်ခု ဥပမာ ပြပါမယ်။---- csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။

ဒီထက် ပိုကောင်းတဲ့ Password ပေးနည်းပေါင်းမြောက်များစွာ ရှိပါတယ်။ စာဖတ်သူများ သိရှိပြီ ဖြစ်ပါစေ မျှဝေ ပေးကြစေချင်ပါတယ်။
Password ကို ကိုယ်တစ်ယောက်တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေးထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့ အခိုးခံရဖို့ ပိုနီးပါတယ်။ ဒါဆို ဘယ်နေရာမှာ သိမ်းမလဲ။ အကောင်းဆုံးကတော့ မှတ်ဥာဏ်သာ ဖြစ်ပါတယ်။ မေ့တတ်တယ်၊ Password အရမ်းများတယ်ဆိုမှ ကိုယ်တစ်ယောက်တည်း နားလည်နိုင်တဲ့ လက္ခဏာ၊ အမှတ်အသား နဲ့ ရေးမှတ်ထားသင့်ပါတယ်။

Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေးတတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင် အားလုံး အခိုးရမှာ ဖြစ်ပါတယ်။ တစ်မျိုးဆီ ခွဲပေးသင့်ပါတယ်။

အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ

အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့  တာဝန်ဖြစ်ပါတယ်။

မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံးပြုတဲ့အခါကြရင် မိမိအသုံးပြုတဲ့ Browser ရဲ့ Setting ကိုဝင်ကြည့်ပါ။ History တွေကို Delete လုပ်ပေးပါ။ ပြီးတော့ အသုံးမပြုခင်မှာ ကွန်ပျူတာရဲ့ Password ကို မှတ်သား တဲ့ Locker Keyboard software တွေရှိနေသလားဆိုတာကို Control Panel မှာ ဝင်စစ်ပါ။ အသုံးပြုပြီးတဲ့အခါမှာလည်း clear recent history, clear recent browser ဝင်ပြီး History, save password, Site preference စသည်ဖြင့် အားလုံးကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။

Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။ ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။

ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းကစားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။ ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။

စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသလား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။ အနောက်တိုင်းတွေမှာဆိုရင် သုံးပြီးသား တစ်ပတ်ရစ် ကွန်ပျူတာတွေ မှာ ဆော့ဖ်ဝဲတွေ၊ Application တွေ ထည့်ထည့်ထားပြီး တစ်ဆင့်ဝယ် သူတွေရဲ့  အချက်အလက်တွေကို ခိုးယူတတ်ပါတယ်။

ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်ပါတယ်။

ဒါလေးတွေလည်းသိထားစေလိုသောကြောင့်ပြန်လည်ဝေမျှလိုက်ပါတယ်..... 

Posted 3:46 PM by Nai Nai in Labels:

0 comment(s) to... “ မိမိသုံးနေတဲ့ social network အကောင့်တွေ အခိုးမခံရအောင် ဘယ်လိုကာကွယ်မလဲ? ”