သေမင်းနှုတ်ခမ်း ခရီးသွား လုပ်ငန်း

- အလုပ်ဖိစီးပြီး စိတ်ပင်ပန်းနေသူများ
- သမက်နှင့်မတည့်သော ယောက္ခမများ
- ယောက္ခမနှင့် မတည့်သော သမက်များ
- အိမ်ထောင်ရေး အဆင်မပြေသည့် ယောင်္ကျားနှင့် မိန်းမများ အတွက်
မေတ္တာလက်ဆောင် ဝယ်ပေးသင့်သည့် “ သေမင်းနှုတ်ခမ်း ” ခရီးစဉ်များနှင့်
ဝန်ဆောင်မူ့များမှာ......
၁။ ဘရိတ် မကောင်း၊ စက် မကောင်း၊ ကြမ်းခင်း မကောင်းသည့် ကားများဖြင့် သွားရမည်။
၂။ လမ်းခရီးတွင် ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းသိုး၊ ဟင်းသိုးများဖြင့် ဧည့်ခံမည်။
၃။ လမ်းခရီးတွင် ရေငတ်ပြေစေရန် ငံပြာရည် ပုလင်းများကို လိုသလောက် ပေးမည်။
၎။ လမ်းခရီးတွင် အမူးအမော ပြေစေရန် နာမည်ကြီး “ ချေးလူးသေးလူး ကုမ္မဏီ ”
မှ ထုတ်လုပ်သည့် ချေးချော့ကလက်၊ ချေးပရုတ်ဆီများ ( ကြော်ငြာသည့် အနေဖြင့်
) ကို အခမဲ့ ပေးမည်။
၅။ အေးအေးဆေးဆေး တည်းခိုလိုသူများအတွက် ရေခဲတိုက် စီစဉ်ပေးမည်။
၆။ ဇိမ်ခံလိုသူများအတွက် ကြမ်းပိုးကိုက်သည့် အိပ်ရာများ စီစဉ်ပေးပါမည်။
၇။ အဆင့်မြင့်မြင့် တည်းခိုလိုသူများအတွက် ထန်းပင်ထိတ်ဖျားတွင် ပုခက်ဆင်ပေးပါမည်။
၈။ လမ်းခရီးတွက် အပျင်းပြေစေရန်အတွက် အစအဆုံး ရန်ဖြစ်သည့် မြန်မာ
ဗွီဒီယိုကားများဖြင့် ဖျော်ဖြေပေးပါမည်။
ကျွန်မတို့ သွားမည့် ခရီးစဉ်များမှာ.....
၁။ ပင်လယ်မျော့ ပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် ( ထိုမှ )
၂။ ငါးပူတင်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ)
၃။ ငါးမန်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ ခရီးသည်များ ကျန်သေးလျှင်)
၎။ တောင်တက်ခရီးစဉ် ( အင်းလေးကန်အတွင်းသို့ ကန်ချသည့်) အပန်းဖြေ
ခရီးစဉ်....( ထိုမှ ခရီးသည် ကျန်သေးလျှင်)
၅။ တောင်အောက်ခရီးစဉ် ( သတိ ဘရိတ်ပိုက် ဖြုတ်ပေးမည်)
ပိုက်ဆံ မတတ်နိုင်ပါက...အလကား ခေါ်ဆောင်ပါမည်

သေမင်းနှုတ်ခမ်း ခရီးသွား လုပ်ငန်း

Posted 1:53 PM by Nai Nai in Labels:

0 comment(s) to... “သေမင်းနှုတ်ခမ်း ခရီးသွား လုပ်ငန်း”

0 comments:

Post a Comment