ဗုဒ္ဓဘာသာကောင်းတစ်ယောက် PDF

မိမိတို့၏ အဖိုးတန်ဘ၀ ရတနာကို ထိုက်ထိုက်တန်တန်အသုံးချလိုသူများ ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စတင်လေ့လာလိုသူများ ၊ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုသူများ ၊
“ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ” ဖြစ်လိုသူများ ၊ ဗုဒ္ဓဘာသာဝင် အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့်သူမျာ
း ၊ နိုင်ငံခြားသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ ကြွယ်ဝလိုသူများ စသူတို့အတွက် ဤကျမ်းစာ ကိုလေ့လာသင့်သည်ဟု နိဒါန်းတွင် ညွှန်းဆိုထားပါသည် ။ဤစာအုပ်တွင် ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ၊
အပိုင်း ( ၁ ) လူနှင့်ကိုးကွယ်မှု တွင် ကိုးကွယ်မှု အဓီပ္ပာယ် ၊
အခန်း (၂ )တွင် ကိုးကွယ်ရာ ရတနာသုံးပါး ၏ အကြောင်း ၊
အခန်း (၃) ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်း တွင် သရဏဂုံသုံးပါး ပါဠိနှင့် အနက် ၊ခံယူဆောက်တည်ပုံ ၊ သရဏဂုံတည်ခြင်းအကျိုး ၊
အခန်း (၄) ဗုဒ္ဓဘာသာအိမ်တိုင်း ရုပ်ပွားဆင်းတုထားရှိ ကိုးကွယ်ခြင်း အခန်းတွင် ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း ၊ ပူဇော်ရသည့် အကျိုး ၊
အခန်း (၆) ဗုဒ္ဓဘာသာ တစ်ယောက် ယုံကြည်လက်ခံရမည့် အချက်များတွင် ရတနာသုံးပါးကို ယုံကြည်ခြင်းနှင့် အခြားယုံကြည်ရမည့် အချက်များ ၊
အခန်း (၇) ရတနာသုံးပါး အကျိုးကျေးဇူးအခန်းတွင် ဘုရားကျေးဇူး၊
တရားကျေးဇူးနဲ့ သံဃာကျေးဇူး အကျိုးပြ ပုံဝတ္တုများ ၊
အခန်း (၈) ဥပါသကာဂုဏ် ၁၀ ပါး ၊
အခန်း (၉) ဗုဒ္ဓဘာသာ တစ်ယောက် ရှောင်ရမည့် အချက်များ ၊
အခန်း (၁၀) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း နှင့် အကျိုးကျေးဇူးများ ၊
အခန်း (၁၁)တွင် ကျက်မှတ်ရန် ပါဠိအနက်များ တွင် ဘုရားဂုဏ်တော်ကိုးပါး ၊တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့၏ ပါဠိနှင့် အနက် ၊
အခန်း (၁၂)တွင် လူ့ဝိနည်းကျင့်ဝတ်များ နှင့်
အခန်း (၁၃)တွင် အန္တရာယ်ကင်းရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ ၊
အခန်း (၁၄)တွင် ကျက်သရေ မင်္ဂလာရှိရန် ရွတ်ရမည့် ဂါထာများ ၊
အခန်း( ၁၅) ရဟန်းသံဃာများနှင့် ပြောတတ် ဆိုတတ် ဆက်ဆံတတ်ရန် တွင် စကားပြောနည်း ၊ရှိခိုးဦးချနည်း ၊စားသောက်ဖွယ်ကပ်လှူနည်း ၊ စားသုံးဖွယ်အသီးအနှံများ အပ်စပ်အောင် ပြုလုပ်ပေးနည်း ဟူ၍ အပိုင်း ၁၅ပိုင်း ခွဲထားပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက် သိသင့် သိထိုက်သည့်အချက်များအား ဖော်ပြရေးသားထားပါသည် ။
 
ဗုဒ္ဓဘာသာကောင်းတစ်ယောက် PDF

Posted 3:19 AM by Nai Nai in Labels:

0 comment(s) to... “ဗုဒ္ဓဘာသာကောင်းတစ်ယောက် PDF”

0 comments:

Post a Comment